ANNOUNCEMENTကျောက်မျက်အချောထည်နှင့် လက်ဝတ်ရတနာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ နှင့် အလုပ်အမှုဆောင်အဖွဲ့မှ ဆောင်ရွက်လျက်ရှိပါသည် Oct
  • MYANMAR GEMS AND JEWELLERY

    ENTREPRENEURS ASSOCIATION

"Thailand Gems & Jewelry Traders' Association" မှ ကြီးမူးကျင်းပသည့် 9th ASEAN + 6 Gems & Jewelry Presidents' Summit Zoom meeting တွင် မြန်မာနိင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ကိုယ်စား ဒုတိယဥက္ကဌဖြစ်သူ ဒေါက်တာအောင်ကျော်ဝင်းမှ တက်ရောက်ပါဝင်ဆွေးနွေး

July, 22 2020

၂၀၂၀ခုနှစ် ဇူလိုင်လ(၁၆)ရက်နေ့တွင် "Thailand Gems & Jewelry Traders' Association" မှ ကြီးမူးကျင်းပသည့် 9th ASEAN + 6 Gems & Jewelry Presidents' Summit Zoom meeting တွင် မြန်မာနိင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ကိုယ်စား ဒုတိယဥက္ကဌဖြစ်သူ ဒေါက်တာအောင်ကျော်ဝင်းမှ တက်ရောက်ပါဝင်ဆွေးနွေးခဲ့ပါသည်။

အဆိုပါ 9th ASEAN + 6 Gems & Jewelry Presidents' Summit တွင်နိင်ငံပေါင်း (၁၂) နိင်ငံမှ ဥက္ကဌများ/ ဒုတိယဥက္ကဌများတက်ရောက်ရျ် " World Economic Crisis 2020" ခေါင်းစဉ်ဖြင့်ပါဝင်ဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် တက်ရောက်သည့်နိင်ငံများမှ COVID-19 ကာလအတွင်းနိင်ငံတကာကျောက်မျက်ရတနာကဏ္ဍတစ်ခုလုံးတွင်တွေ့ကြုံခံစားနေရသည့်အခက်အခဲများ စိန်ခေါ်မူများကိုပွင့်ပွင့်လင်းလင်းဆွေးနွေးကြသည့်အပြင် ကျောက်မျက်အချောထည်နှင့်လက်ဝတ်ရတနာကဏ္ဍဖွံ့ဖြိုးတိုးတက်မူ့အတွက်အဓိက အဟန့်အတားဖြစ်သည့်အကောက်ခွန်နူန်းထားများ Valued Added Tax များကောက်ခံခြင်းနှင့်ပက်သက်၍လည်း သက်ဆိုင်ရာနိင်ငံအလိုက်ကြိုးပမ်းအားထုတ်မူ့များတင်ပြကြပြီး အမြင်များဖလှယ်ခဲ့ကြပါသည်။

ထို့အပြင် ASEAN + 6 Gems & Jewelry Presidents' Summit ကိုစတင်တည်ထောင်ခဲ့သည့် ထိုင်းနိင်ငံမှ Mr Sun Chai မှလည်း Summit ကြီးတည်ထောင်ရခြင်းရည်ရွယ်ချက်နှင့်ရရှိခဲ့သည့်အကျိုးကျေးဇူးများကိုလည်းဆွေးနွေးခဲ့ပါသည်။

Summit ကြီးကိုတက်ရောက်လာသည့်နိင်ငံများအနေနဲ့ အနာဂတ်တွင်အဖွဲ့ဝင်နိင်ငံများအကြားပူးပေါင်းဆောင်ရွက်မူ့များပိုမိုတိုးမြှင့်ဆောင်ရွက်ရေး ကျောက်မျက်ရတနာသတင်းအချက်အလက်များ ပိုမိုလျင်မြန်စွာဖြန့်ဖြူးနိင်ရေး နည်းပညာရပ်များအဆင့်မြှင့်တင်ရန်အတွက်ပူးပေါင်းဆောင်ရွက်ခြင်း စသည်တို့ကိုပွင့်လင်းမြင်သာစွာဆွေးနွေးပြီးအမြင်ခြင်းဖလှယ်ကြပါသည်။
'
အဆိုပါ Zoom meeting အခမ်းအနားမှနေ၍ ၂၀၂၀ ခုနှစ် ဩဂုတ်လ (၆) ရက်နေ့ ထိုင်းစံတော်ချိန်ညနေ (၃) နာရီမှစတင်၍ " Webinar meeting with Global Leaders of Gems & Jewelry" ခေါင်းစဉ်ဖြင့် အာဆီယံနှင့် အာဆီယံမဟုတ်သောတိုင်းပြည်များမှ ကျောက်မျက်ရတနာလုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေးမည်ဖြစ်သည့်အတွက်စိတ်ပါဝင်စားသည့် အသင်းချုပ်နှင့်တကွနယ်အသင်းခွဲမှတာဝန်ရှိသူများ အထက်ပါ ZOOM Conference meeting ကိုတက်ရောက်နိင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။

၂၀၂၀ခုနှစ် ဩဂုတ်လ (၆) ရက်နေ့ ကြာသပတေးနေ. မြန်မာစံတော်ချိန်နေ့လည် (၂:၃၀)နာရီတွင် ကျင်းပမည့် Webinar Meeting ရဲ့ ID နှင့် Password ကိုမကြာခင်အသင်းချုပ်ရဲ့ facebook page နှင့် Website တို့မှတဆင့်ကြိုတင်အသိပေးမည်ဖြစ်ပါသည်။

- MGJEA