ANNOUNCEMENTကျောက်မျက်အချောထည်နှင့် လက်ဝတ်ရတနာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ နှင့် အလုပ်အမှုဆောင်အဖွဲ့မှ ဆောင်ရွက်လျက်ရှိပါသည် Jul
  • MYANMAR GEMS AND JEWELLERY

    ENTREPRENEURS ASSOCIATION

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌနှင့်အဖွဲ့အား အီတလီ လက်ဝတ်ရတနာကုမ္ပဏီ Bulgari မှ Ms. Emma Irwin နှင့် ဒါရိုက်တာအဖွဲ့ဝင်များက လာရောက်တွေ့ဆုံ

January, 29 2020

     (၂၉.၁.၂၀၂၀)ရက်၊နေ့လည်(၁)နာရီတွင် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းရုံး ရန်ကုန်(ကမ္ဘာအေး)၌ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဌ ဦးလဖိုင်ခွန်ဆာသည် ကျောက်မျက်ကဏ္ဍနှင့်ပတ်သက်ပြီး အီတလီ လက်ဝတ်ရတနာကုမ္ပဏီ Bulgariမှ Ms. Emma Irwin နှင့် ဒါရိုက်တာအဖွဲ့ဝင်များအား လက်ခံတွေ့ဆုံခဲ့ပါသည်။


     အခမ်းအနားသို့ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ် အကြံပေး ဦးအောင်မြင့်၊ အတွင်းရေးမှူး(၁) ဦးသောင်းထွန်း၊   တွဲဖက်အတွင်းရေးမှူး(၁) ဦးအောင်ကျော်မြတ်၊  အလုပ်အမှုဆောင်     ဦးမော်ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (စစ်ကိုင်း)မှ ဥက္ကဌ          ဦးအောင်ကြီး၊ ကျောက်မျက်ရတနာ  လုပ်ငန်းရှင်များအသင်း(မန္တလေး)မှ ဒုတိယဥက္ကဌ ဦးအေးနှင့် အလုပ် အမှုဆောင်ဒေါ်နော်ဆေးဖော၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ လက်ထောက်အထွေထွေ မန်နေဂျာ ဦးဝင်းနိုင်တို့ တက်ရောက်ခဲ့ကြပါသည်။

- MGJEA