ANNOUNCEMENTကချင်ပြည်နယ်ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(မြစ်ကြီးနား)သည် တတိယအကြိမ် မြန်မာကျပ်ငွေဖြင့် ကျောက်မျက်ရတနာပြပွဲကို ၂၀၂၀ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှ၂၈ ရက်နေ့ထိ ကျင်းပပြုလုပ်နိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည် Feb
  • MYANMAR GEMS AND JEWELLERY

    ENTREPRENEURS ASSOCIATION

အသိပညာပေးဆွေးနွေးပွဲ ဖိတ်ကြားခြင်း

January, 31 2020

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်အနေဖြင့် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ၊ သတင်းပို့အဖွဲ့ ၏ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်ဥပဒေလုပ်ထုံးလုပ်နည်းများကို အကျယ်တဝင့် သိရှိနိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲကို

၁၁.၂.၂၀၂၀ (အင်္ဂါနေ့) နံနက်(၉:၃၀)နာရီ တွင် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းရုံး၊

မြန်မာ့ကျောက်မျက်ရတနာအရောင်းခန်းမ၊ ရန်ကုန် (ကမ္ဘာအေး)၌ ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ တက်ရောက်ပေးနိုင်ပါရန် ဖိတ်ကြားအပ်ပါသည် -