ANNOUNCEMENTကျောက်မျက်အချောထည်နှင့် လက်ဝတ်ရတနာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ နှင့် အလုပ်အမှုဆောင်အဖွဲ့မှ ဆောင်ရွက်လျက်ရှိပါသည် Jul
  • MYANMAR GEMS AND JEWELLERY

    ENTREPRENEURS ASSOCIATION

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံသို့ မြန်မာနိုင်ငံကျောက်စိမ်း၊ ကျောက်မျက်(အကျိုးတူ)တူးဖော်၊ ထုတ်လုပ်သည့် လုပ်ငန်းရှင်များအဖွဲ့မှ ကျပ်သိန်းပေါင်း (၂၁,၀၀၀) နှင့် ကျောက်စိမ်းတောင် ကျောက်မျက်ကုမ္ပဏီမှ ကျပ်သိန်းပေါင်း(၁,၀၀၀)၊ စုစုပေါင်း ကျပ်သိန်းပေါင်း (၂၂,၀၀၀) တန်ဖိုးနှင့်ညီမျှသည့် ရောဂါကာကွယ်ရေး PPE ဝတ်စုံ (၅၀,၀၀၀)အားလှူဒါန်း

May, 12 2020

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားပြည်သူများနှင့် နိုင်ငံသူ နိုင်ငံသားများ၏ရင်ဆိုင်ကြုံတွေ့နေကြရသည့် Coronavirus Disease 2019 (COVID-19) ရောဂါနှင့်ပတ်သက်ပြီး ကာကွယ်ထိန်းချုပ်ရေး၊ စောင့်ကြပ်ကြည့်ရှုရေး နှင့် ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ၁၁.၅.၂၀၂၀ရက်နေ့ ၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊တာမွေမြို့နယ်၊ ကျိုက္ကစံအားကစားကွင်း၏ ပြည်ထောင်စုခန်းမ၌ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီသို့ မြန်မာနိုင်ငံကျောက်စိမ်း၊ ကျောက်မျက်(အကျိုးတူ)တူးဖော်၊ထုတ်လုပ်သည့် လုပ်ငန်းရှင်များအဖွဲ့မှ ကျပ်သိန်းပေါင်း (၂၁,၀၀၀) နှင့် ကျောက်စိမ်းတောင် ကျောက်မျက်ကုမ္ပဏီမှ ကျပ်သိန်းပေါင်း(၁,၀၀၀)၊ စုစုပေါင်း ကျပ်သိန်းပေါင်း (၂၂,၀၀၀) တန်ဖိုးနှင့်ညီမျှသည့်  ရောဂါကာကွယ်ရေး PPE ဝတ်စုံ (၅၀,၀၀၀)အားလှူဒါန်းခဲ့ပါသည်။

လှူဒါန်းပွဲ အခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျောက်စိမ်း၊ ကျောက်မျက်(အကျိုးတူ) တူးဖော်၊ ထုတ်လုပ်သည့် လုပ်ငန်းရှင်များအဖွဲ့ကိုယ်စား ပတ္တမြားနဂါး ကျောက်မျက်ကုမ္ပဏီ နှင့် ကျောက်စိမ်းနဂါးကျောက်မျက်ကုမ္ပဏီမှ ဦးနေဝင်းထွန်း ၊ရာဇဌာနီ ကျောက်မျက်ကုမ္ပဏီမှ ဦးဇော်ဘိုခန့်နှင့် ကျောက်စိမ်းတောင် ကျောက်မျက်ကုမ္ပဏီမှ ဦးစိန်ဝင်းတို့ တက်ရောက်ခဲ့ကြပါသည်။


အဆိုပါလှူဒါန်းမှုမှာ နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ ကြိုးစားလုပ်ဆောင်လျက်ရှိသော (COVID-19) ကပ်ရောဂါဆိုး ကူးစက်ပြန့်ပွားမှု လုပ်ငန်းစဉ်ကြီးအား တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေရေးအတွက် ဖားကန့်၊ မိုးကုတ်၊ မိုင်းရှူး စသောဒေသများတွင် နိုင်ငံတော်နှင့် အကျိုးတူ စီးပွားရေး လုပ်ဆောင်လျက်ရှိသော ကျောက်စိမ်း၊ ကျောက်မျက်(အကျိုးတူ) တူးဖော်ရေး လုပ်ငန်းရှင်များ အဖွဲ့မှ ကျပ်သိန်းပေါင်း (၂၁,၀၀၀) နှင့် ကျောက်စိမ်းတောင် ကျောက်မျက်ကုမ္ပဏီမှ ကျပ်သိန်းပေါင်း(၁,၀၀၀)၊ စုစုပေါင်း ကျပ်သိန်းပေါင်း (၂၂,၀၀၀)ဖြင့် ရောဂါကာကွယ်ရေး PPE ဝတ်စုံ (၅၀,၀၀၀)အား ဝယ်ယူ ပေးအပ် လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။


လှူဒါန်းမှု အစုစုသည်  နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ကျန်းမာရေးအတွက် လိုအပ်သည်များကို နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်များပီသစွာဖြင့် ပါဝင်လှူဒါန်းခြင်းဖြစ်ပြီး ကပ်ရောဂါ ကာကွယ် တိုက်ဖျက်ရေးအတွက် အုတ်တစ်ချပ် သဲတစ်ပွင့် အထောက်ကူပြုနိုင်ပါစေရန် ရည်ရွယ်ပါသည်။


- MGJEA