ANNOUNCEMENT၂၀၁၉ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို စက်တင်ဘာလ(၁၆)ရက်မှ (၂၅)ရက်အထိ နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည် Aug
  • MYANMAR GEMS AND JEWELLERY

    ENTREPRENEURS ASSOCIATION

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းသည် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက် နှင့် အညီ ကျောက်မျက်ကဏ္ဍလှုပ်ရှားဆောင်ရွက်မှုနှင့် ကျောက်မျက်ရတနာကဏ္ဍအသီသီး၏ ပါဝင် သူအားလုံး ၏ အကျိုးစီးပွားအတွက်ရှေ့ရှူ၍ ပေါင်းကူးဆက်စပ်ပေးသည့် စီးပွားရေး အဖွဲ့အစည်း တစ်ရပ်အဖြစ် ၂၀၀၉ ခုနှစ်တွင် တည်ထောင်ခဲ့ပါသည်။ ကူးသန်ရောင်းဝယ်ရေးမြှင့်တင်ရန် ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ၊ ဝင်ငွေရလမ်း များ အကျိုးအမြတ်များ ရရှိရေး ကို ဖန်တီးပေးနိုင်ရန် တို့ကို ရည်ရွယ်၍ အကျိုးအမြတ် ခွဲမယူသော အသင်းအဖွဲ့အစည်းဖြစ် အသင်းချုပ်ကို မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေနှင့် အညီ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ၌ ဖွဲ့စည်းခဲ့ ပါသည်။ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းသည် ကျောက်မျက်ကဏ္ဍအသီးသီးမှ လုပ်ငန်းရှင်များ ပါဝင်သည့် အသင်းသား လုပ်ငန်းရှင်များကို အခြေခံ၍ အကျိုးအမြတ် မယူ သည့် စီးပွားရေးကို အခြေခံသည့် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ညီနောင်အသင်းဝင် တစ်ခုဖြစ်ပါတယ်။

ရည်မှန်းချက်

မြန်မာနိုင်ငံ၏ စီးပွားရေး ရေရှည်တည်တံခိုင်မြဲရေးအတွက် မြန်မာကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း အနေဖြင့် မြန်မာကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းများ ပြည်တွင်း မှ တဆင့် နိုင်ငံတကာ သို့ ထိုးဖောက်၍ ဖွံ့ဖြိုးတိုးတက်နိုင်ရေးကို ထောက်ပံ့ပေးသွားနိုင်ရန် အတွက် တစ်နေရာတည်းတွင် ဝန်ဆောင်မှု ပေးနိုင်မည့် အဖွဲ့ အဖြစ် ရပ်တည်သွားရန်။

ရည်ရွယ်ချက်

၁.
မြန်မာနိုင်ငံမှထွက်ရှိသော ကျောက်မျက်ရတနာများနှင့် စပ်လျဉ်း၍ နိုင်ငံတော်အတွင်း ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာဈေးကွက်ရာနှုန်းပြည်ဖြစ်ဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်။
၂.
ကျောက်မျက်ရတနာများ ထုတ်လုပ်ခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်။
၃.
မြန်မာနိုငံမှထွက်ရှိသောကျောက်မျက်ရတနာများနှင့် လက်ဝတ်ရတနာများ၊ကမ္ဘာ့ဈေးကွက်တွင် ထိုက်တန်စွာနေရာရရှိရေးအတွက် နိုင်ငံတော်အဖွဲ့အစည်းများနှင့် တက်ကြွစွာညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရန်။
၄.
ကျောက်မျက်ရတနာများကို ပြည်တွင်း၌ တရားမဝင်ထုတ်လုပ်ခြင်းများပပျောက်စေပြီး ပြည်ပသို့ တရားမဝင် သယ်ဆောင်ခြင်း ရောင်းချခြင်းများ မရှိစေရေးအတွက် နိုင်ငံတော်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ရန်။
၅.
မြန်မာနိုင်ငံအတွင်း ကျောက်စိမ်း၊ ကျောက်မျက် တူးဖော်ထုတ်လုပ်မှု၊ကျောက်မျက်ရတနာ အချောထည်ထုတ်လုပ်မှုနှင့် ရောင်းဝယ်မှုလုပ်ငန်းများခေတ်မီတိုးတက်ရေးဆောင်ရွက်ရန်။
၆.
ကျောက်စိမ်း၊ ကျောက်မျက် တူးဖော်သူများ၊ အချောထည်ထုတ်လုပ်သူများ၊ရောင်းဝယ်သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်နှင့် ကုန်သည်အချင်းချင်းစည်းလုံးညီညွတ်၍ စည်းကမ်းရှိပြီး တာဝန်သိစွာဖြင့် နိုင်ငံတော်အကျိုးပြည်သူ့အကျိုးကို ဦးတည် ဆောင်ရွက်ရန်။
၇.
အခါအားလျော်စွာ အသင်းဝင်အချင်းချင်း (သို့မဟုတ်) ကျောက်မျက်ရတနာလုပ်ငန်းနှင့် သက်ဆိုင်သော ကိစ္စများနှင့်ပတ်သက်၍ ပေါ်ပေါက်လာသောပြဿနာများ၊ အငြင်းပွားမှု များကို စေ့စပ် ရှင်းပေးရန် (သို့ရာတွင်နိုင်ငံတော်မှ တရားဝင်တာဝန်ပေးအပ်ထားသော အဖွဲ့/ကော်မတီ၏ စိစစ်တင်ပြချက်အပေါ် အထက်အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်စေရမည်။
၈.
အသင်းသားများနှင့်ကျောက်မျက်ရတနာလုပ်ငန်းနှင့်ဆက်စပ်သက်ဆိုင်သည်ပုဂ္ဂိုလ်များ အတွက် အကျိုးရှိနိုင်မည် ပညာပေးဆွေးနွေးပွဲ၊ နှီးနှောပွဲများ၊သင်တန်းများကျင်းပပေးရန်နှင့် စာအုပ် စာတမ်းများ၊ သတင်းအချက်အလက်များပြုစုပြီးအခါအားလျော်စွာဖြန့်ဝေနိုင်ရေး ဆောင်ရွက်ရန်။
၉.
ပြည်တွင်း/ပြည်ပ ကျောက်မျက်ရတနာများ တရားဝင်ရောင်းဝယ်မှုလုပ်ငန်းတိုးတက် မြင့်မားရေးအတွက် နိုင်ငံတော်မှ ခွင့်ပြုသည်ပြပွဲများကျင်းပခြင်း၊ ကုန်သွယ်မှုလေ့လာရေး အဖွဲ့များကို ပြည်တွင်းပြည်ပသို့ စေလွှတ်ခြင်း၊နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ဆက်စပ်ညှိနှိုင်းဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများဆောင်ရွက်ရန်။
၁၀.
အထက်ပါရည်ရွယ်ချက်အားလုံးဖြစ်စေ တစ်ခုခုနှင့်ဖြစ်စေ ဆက်စပ်လျက်ရှိသည်(သို့မဟုတ်) ယင်းတို့ကိုအထောက်အပံ့ဖြစ်စေပြီး အသင်း၏တိုးတက်ရာ တိုးတက်ကြောင်း ဖြစ်စေမည့် အခြားကိစ္စရပ်များကို မိမိအသင်းအနေဖြင့်ဖြစ်စေ၊ အခြားအဖွဲ့ အစည်းများနှင့် ပူးပေါင်းညှိနှိုင်း၍ဖြစ်စေဆောင်ရွက်ရန်။