ANNOUNCEMENTကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(ရန်ကုန်)မှ ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက်မှ (၁၃)ရက်နေ့ထိ "တတိယအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်နှင့် လက်ဝတ်ရတနာအချောထည်ပြပွဲ -၂၀၂၀" ကို ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ Dec
  • MYANMAR GEMS AND JEWELLERY

    ENTREPRENEURS ASSOCIATION

နေပြည်တော်ရွှေကြာပင်ကျောက်မျက်သင်တန်းကျောင်းကိုမွမ်းမံပြီးမြန်မာနိုင်ငံရဲ့ပထမဦးဆုံးကျောက်မျက်ရတနာသက်မွေးပညာ နည်းပညာသင်တန်းကျောင်းကိုရေရှည်အောင်မြင်စွာဖွင့်လှစ်နိုင်ရေးအတွက် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ(၃) ဒေါက်တာအောင်ကျော်ဝင်းဦးဆောင်သည့် ထိုင်းနိုင်ငံခရီးစဉ်

July, 27 2019

နေပြည်တော်ရွှေကြာပင်ကျောက်မျက်သင်တန်းကျောင်းကိုမွမ်းမံပြီးမြန်မာနိုင်ငံရဲ့ပထမဦးဆုံးကျောက်မျက်ရတနာသက်မွေးပညာ နည်းပညာသင်တန်းကျောင်းကိုရေရှည်အောင်မြင်စွာဖွင့်လှစ်နိုင်ရေးအတွက် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ(၃) ဒေါက်တာအောင်ကျော်ဝင်းဦးဆောင်၍ အကြံပေးကိုအေးချမ်းကိုကို ကျောင်းအုပ်ကြီးဦးကျော်ရွှေ ဒုတိယကျောင်းအုပ်ကြီးဦးမျိုးနိုင်တို့သည်ဇူလိုင်လ(၂၃) ရက်နေ့မှ (၂၆) ရက်နေ့အထိထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ Golden Jubilee Royal Thai Goldsmith College ကိုသွားရောက်လေ့လာခဲ့သည်
အဆိုပါျကာလိပ်တွင်တာဝန်ရှိပုဂ္ဂိုလ် ဒါရိုက်တာများ ကျောင်းအုပ်ကြီးနှင့် အတွင်းရေးမူးအဖွဲ့တို့နှင့်တွေ့ဆုံ၍ သင်တန်းကျောင်းရေရှည်အောင်မြင်စွာအကောင်အထည်ဖော်နိင်အောင်တွေ့ဆုံဆွေးနွေးခဲ့သည့်အပြင် Apprenticeship program အကောင်အထည်ဖော်မူ့များ သင်တန်းကျောင်းနှင့်လုပ်ငန်းရှင်များကြားတွင် Apprenticeship program အောင်မြင်ရေးအတွက်အပြန်ပြန်အလှန်လှန်အထောက်အပံ့ပေးမူ့များအားဆွေးနွေးခဲ့ပြီးအမြင်ချင်းဖလှယ်ခဲ့ပါတယ်
ထို့နောက် ဘန်ကောက်မြို့ Gemopolis တွင် apprenticeship program ကိုအောင်မြင်အောင်အကောင်အထည်ဖော်နေသည့် Mini company တွင်ထည့်မံဆွေးနွေးခဲ့ပါသည်
ထို့နောက် ကျောက်သွေးအလုပ်ရုံနှင့်စက်ရုံများကိုအသေးစိတ်လေ့လာပြီးလိုအပ်သည်များမေးမြန်းခဲ့ပြီး Video မှတ်တမ်းများရယူခဲ့ပါသည်
နောက်ဆုံးတွင်ကမ္ဘာကျော်ဆွစ်စလန်နိင်ငံမှကျောက်သွေးကုမ္ပဏီကိုအသေးစိတ်ျလ့လာခွင့်ရခဲ့ပြီး ဘန်ကောက်မြို့ Silom လမ်းမပေါ်ရှိ Gems Trading Center ကို့လေ့လာပြီးလေ့လာရေးခရီးစဉ်အဆုံးသတ်ခဲ့ပါတယ်
ခရီးစဉ်တလျှောက်အစစအရာရာပြီးစီးအောင်မြင်ဖို့အတွက်ကူညီစီမံဆောင်ရွက်ပြီးခရီးစဉ်တလျှောက်လိုလေသေူမရှိအောင်ကူညီပေးခဲ့သည့် ASEAN Gems & Jewellers Association မှ Chairman ဖြစ်သူ Mr Suttipong နှင့်တကွတာဝန်ရှိသူများကိုကျေးဇူးအထူးတင်ရှိကြောင်းမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်

- MGJEA