ANNOUNCEMENTကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(ရန်ကုန်)မှ ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက်မှ (၁၃)ရက်နေ့ထိ "တတိယအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်နှင့် လက်ဝတ်ရတနာအချောထည်ပြပွဲ -၂၀၂၀" ကို ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ Dec
  • MYANMAR GEMS AND JEWELLERY

    ENTREPRENEURS ASSOCIATION

တတိယအကြိမ် မြန်မာ့ကျောက်မျက်ရတနာနေ့ အခမ်းအနားနှင့် ဒသမအကြိမ် နှစ်ပတ်လည် အသင်းသား စုံညီအစည်းအဝေးကျင်းပ

August, 6 2019

တတိယအကြိမ် မြန်မာ့ ကျောက်မျက်ရတနာနေ့ အခမ်းအနားကို (၃.၈.၂၀၁၉)ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပပါသည်။
အခမ်းအနားသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင် ညွှန်ကြားရေးမှူး များ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ အသင်းတာဝန်ရှိသူများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းက ၂၀၁၇ ခုနှစ်မှ စတင်၍ ဩဂုတ်လ ၃ ရက်ကို ကျောက်မျက်ရတနာကဏ္ဍ၏ နေ့ထူးနေ့မြတ်၊ မြန်မာ့ ကျောက်မျက်ရတနာနေ့အဖြစ် သတ် မှတ်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း စတင်တည်ထောင်ခွင့် ရရှိသည့်အချိန်မှစ၍ မြန်မာနိုင်ငံအတွင်း ကျောက်မျက်ရတနာ ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းခွဲများ တိုးချဲ့ဖွဲ့စည်းဆောင်ရွက်ခဲ့သည့်အပြင် ဒေသခံ တိုင်းရင်းသားများ၏ ကျောက်မျက်ရတနာလုပ်ငန်းများ ပိုမိုအဆင်ပြေ ချောမွေ့စေရေး ပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။

မြန်မာ့ ကျောက်မျက်ရတနာများသည် နိုင်ငံအတွက် နိုင်ငံခြားငွေ ရှာဖွေပေးနိုင်သကဲ့သို့ အခွန်ဘဏ္ဍာများစွာ ရရှိပြီး နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အထောက်အကူပြု လျက်ရှိပါကြောင်း၊ ကျောက်မျက်ရတနာ ကဏ္ဍသည် နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်း များစွာကို ဖော်ဆောင်ပေးနေသည့် စီးပွားရေးကဏ္ဍတစ်ရပ်လည်း ဖြစ်ပါကြောင်း၊ မြန်မာ့ ကျောက်မျက်ရတနာ ကဏ္ဍ၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့် အညီ မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း၏ ရည်ရွယ်ချက်များ ပြည့်ဝအောင်မြင်စေရန်နှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏အကျိုး၊ နိုင်ငံတော်၏ အကျိုးကို ရှေ့ရှု၍ မြန်မာ့ ကျောက်မျက်ရတနာများကို သားစဉ် မြေးဆက်ထုတ်ယူသုံးစွဲနိုင်ရေး တာဝန်ရှိသူများ အားလုံးက စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်း ဆောင် ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး အသင်း၏ စတုတ္ထသက်တမ်းဥက္ကဋ္ဌ ဦးရုံးမူက မြန်မာ့ ကျောက်မျက်ရတနာနေ့အတွက် ဂုဏ်ပြုစကား ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင် များအသင်းက လှူဒါန်းသည့် ဂေဟစနစ် ဖြည့်တင်းရေး စိုက်ခင်းဧက(၁၀၀)အတွက် အလှူငွေများကို လက်ခံရယူပြီး အသင်းဥက္ကဋ္ဌအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် ဦးအုန်းဝင်း၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက မြန်မာ့ ကျောက်မျက်ရတနာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် ပြပွဲများ ကျင်းပနိုင်ရေး ဆောင်ရွက်ခဲ့ကြသူများနှင့် အသင်းအဖွဲ့များ ကို ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ကြသည်။

မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း၏ ဒသမအကြိမ် နှစ်ပတ်လည် အသင်းသား စုံညီအစည်းအဝေးကို ဆက်လက်ကျင်းပရာ အသင်းအလုပ်အမှုဆောင် အဖွဲ့၏ (၂၀၁၈-၂၀၁၉)ခုနှစ်အတွက် နှစ်ပတ်လည် အစီရင်ခံစာ အကျင်းချုပ်ကို တင်ပြခြင်း၊ ငွေစာရင်း နှစ်ချုပ်ရှင်းတမ်း ရှင်းလင်းခြင်းနှင့် အသင်း၏ ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်း ဆိုင်ရာများ ရှင်းလင်းတင်ပြ ခြင်းများကို ဆောင်ရွက်ကြသည်။


-MGJEA