ANNOUNCEMENTကျောက်မျက်အချောထည်နှင့် လက်ဝတ်ရတနာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ နှင့် အလုပ်အမှုဆောင်အဖွဲ့မှ ဆောင်ရွက်လျက်ရှိပါသည် Jul
  • MYANMAR GEMS AND JEWELLERY

    ENTREPRENEURS ASSOCIATION

နေပြည်တော် (ရွှေကြာပင်) ကျောက်မျက်သင်တန်းကျောင်းအတွက် သင်တန်းဆရာများ ခေါ်ယူခြင်း..

September, 16 2019

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း

နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးကျောက်မျက်ရတနာသင်တန်းကျောင်း
နေပြည်တော်(ရွှေကြာပင်)
သင်တန်းကျောင်းနည်းပြလျှောက်လွှာခေါ်ယူခြင်း


၁။ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်မှနေပြည်တော် ရွှေကြာပင်ရှိ နည်းပညာ၊
သက်မွေးပညာ နှင့် လေ့ကျင့်ရေး ကျောက်မျက်ရတနာသင်တန်းကျောင်း ဖွင့်လှစ်ရန်အတွက် အောက်ဖော်ပြပါ
ရာထူးများအားလျှောက်ထားနိုင်ပါသည် -
(က) ကျောက်စိမ်းလက်ကောက်ထုတ်လုပ်မှုနည်းပြ (၁) ဦး
(ခ) ကျောက်စိမ်းလုံးချောထုတ်လုပ်မှုနည်းပြ (၁) ဦး
(ဂ) ကျောက်စိမ်းအရောင်တင်နည်းပြ (၁) ဦး
(ဃ) ကျောက်စိမ်းပုတီး နည်းပြ (၁) ဦး
(င) ကျောက်စိမ်း ရုပ်ထု၊ ပန်းပုနည်းပြ (၁) ဦး
(စ) ကျောက်စိမ်း CNC နည်းပြ (၁) ဦး
(ဆ) ကျောက်စိမ်း 3D /5Dနည်းပြ (၁) ဦး
(ဇ) ကျောက်စိမ်းပန်းပု အရောင်တင် နည်းပြ  (၁) ဦး
(ဈ) ကျောက်မျက်ပန်းချီနည်းပြ (၂) ဦး
(ည) ကျောက်မျက်ကျောက်သွေးနည်းပြ (၂) ဦး
(ဋ) 2D ဒီဇိုင်းနည်းပြ (၁) ဦး
(ဌ) 3D CAD-CAM နည်းပြ (၁) ဦး
(ဍ) ဖယောင်းနည်းပြ (၁) ဦး
(ဍ္ဎ) မိုနည်းပြ (၁) ဦး
(ဏ) ပန်းတိမ်နည်းပြ (၁) ဦး
(တ) စိန်၊ကျောက်တပ်နည်းပြ (၁) ဦး
၂။ စာပိုဒ်(၁)ပါ ရာထူးပါ လျှောက်ထားသူသည် -
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ) အကျင့်စာရိတ္တကောင်းမွန်ပြီး ပြစ်မှုကင်းရှင်းသူဖြစ်ရမည်။
(ဂ) စိတ်ရောကိုယ်ပါကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
(ဃ)သက်ဆိုင်ရာရာထူးအလိုက်သတ်မှတ်အရည်အချင်းများနှင့်ပြည့်စုံသူ ဖြစ်ရမည်။

(င) သက်ဆိုင်ရာအသုံးပြုမည့် လုပ်ငန်းသုံးပစ္စည်းများ/ စက်ပစ္စည်းကိရိယာများကို ကျွမ်းကျင်စွာ
ကိုင်တွယ်တတ်ရမည်။
(စ) သင်ကြားရေးဝါသနာပါသူဖြစ်ရမည်။
(ဆ) သင်တန်းစည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်။
၃။ အလုပ်လျှောက်ထားသူသည်-
(က) အလုပ်လျှောက်ထားသည့် ရာထူး၊ မျှော်မှန်းလစာ၊ အလုပ်လျှောက်ရသည့် အကြောင်းအရင်းနှင့်
ပြည့်စုံသည့် CV Form၊
(ခ) လျှောက်ထားသည့ရ် ာထူးနှင့် ပတ်သက်သည့် လုပ်ငန်းအတွေ့အကြုံ အထောက်အထားတို့နှင့် အတူ
အောက်ဖော်ပြပါ လိပ်စာများသို့ ပေးပို့ လျှောက်ထားနိုင်သည်။
၄။ လျှောက်လွှာနှင့်အတူအောက်ပါတို့ကို ပြည့်စုံစွာပူးတွဲတင်ပြလျှောက်ထားရပါမည်-
(က) အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြစ်မှုကင်းရှင်းကြောင်း
သက်ဆိုင်ရာမြို့နယ်ရဲစခန်း တို့၏ တစ်လအတွင်း ထောက်ခံချက် မူရင်း
(ခ) ကျန်းမာရေးကောင်းမွန်ကြောင်း ကျန်းမာရေးဦးစီးဋ္ဌာန၏ တစ်လအတွင်း ဆေးစစ်ချက် မူရင်း
(ဂ) (၆)လအတွင်းပြုလုပ်ထားသောအလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ
၅။ လျှောက်ထားသူသည် အောက်ပါအရည်အချင်းများနှင့်ကိုက်ညီမှုရှိရမည်။
(က) ကျောက်စိမ်းလက်ကောက် ထုတ်လုပ်မှုနည်းပြ ရာထူးအတွက် လက်ကောက် ထုတ်လုပ်မှုအတွက်
ကျွမ်းကျင်စွာ ခဲပေးနိုင်သူဖြစ်ရမည်။ ဒီဇယ်ခုံ ၊ ရေခုံ များကို ကိုင်တွယ်တတ်ပြီး စက်ပစ္စည်းများကို
အသေးစိတ်နားလည် ပြုပြင်တတ်ရမည်။အတွေ့အကြုံအနည်းဆုံး(၅) နှစ်ရှိရပါမည်။
(ခ) ကျောက်စိမ်းလုံးချောထုတ်လုပ်မှုနည်းပြ ရာထူးအတွက် ခဲပေး၍ ကျောက်များကို ကိုယ်တိုင်ဖြတ်
တောက်နိုင်ရမည်။ ကျောက်အကြောင်းကို ပိုင်နိုင်စွာ နားလည်တတ်ကျွမ်းရမည်။ ပုံသဏ္ဍန်အစုံ ၊ ဆိုဒ်စုံ
ပုံဖော် သွေးတတ်ရမည်။ စကေးကိုက်သွေးတတ်ရမည်။ အတွေ့အကြုံအနည်းဆုံး(၅) နှစ်ရှိရပါမည်။
(ဂ) ကျောက်စိမ်းအရောင်တင်နည်းပြ ရာထူးအတွက် ကျောက်စိမ်းအသား၊ အရည်အသွေး ၊ ထုလုပ်ထားသည့်
ပုံသဏ္ဍန်၊ အရွယ်အစား ကိုစနစ်တကျ လေ့လာပြီး အရောင်တင်တတ်ရမည်။ အတွေ့အကြုံအနည်းဆုံး(၅)
နှစ်ရှိရပါမည်။
(ဃ) ကျောက်စိမ်းပုတီး နည်းပြရာထူးအတွက် ကျောက်စိမ်းပုတီးပြုလုပ်ရန်အတွက် ကျောက်သားရွေးခြယ်ခြင်း၊
ခဲပေးခြင်း၊ ဖြတ်တောက်ခြင်း၊ ပုံသဏ္ဍန်ဖော်ခြင်း နှင့် အချောကိုင်ခြင်း၊ ပုတီးပေါက်ဖောက်ခြင်း တ့ကို ို
အသုံးပြုမည့် စက်ကိရိယာများဖြင့် ကျွမ်းကျင်စွာပြုလုပ်နိုင်ရမည်။ အတွေ့အကြုံအနည်းဆုံး(၅)
နှစ်ရှိရပါမည်။

(င) ကျောက်စိမ်း ရုပ်ထု၊ ပန်းပုနည်းပြ ရာထူးအတွက် ပန်းချီအခြေခံဖြင့် ပုံဖော် ရေးဆွဲတတ်ရမည်။
ကျောက်စိမ်းသားပေါ်တွင် ထုလုပ်မည့် ပုံသဏ္ဍန်ကိုဖော်၍ ဖြတ်တောက်ခြင်း၊ အနုစိတ် ရေးဆွဲ ခြင်း၊
ကိရိယာများဖြင့် အနုစိတ်ပုံဖော်ဆောင်ရွက်နိုင်ရမည်။ အတွေ့အကြုံအနည်းဆုံး(၅) နှစ်ရှိရပါမည်။
(စ) ကျောက်စိမ်း CNC နည်းပြရာထူးအတွက် သက်ဆိုင်ရာဆော့ဖ်ဝဲလ်ဖြင့်ကွန်ပျူတာကို ကျွမ်းကျင်စွာ
ကိုင်တွယ်အသုံးပြုတတ်ရမည်။ ကွန်ပျူတာဖြင့် ဒီဇိုင်းရေးဆွဲတတ်ရမည်။ အတွေ့အကြုံ
အနည်းဆုံး(၅)နှစ်ရှိရပါမည်။
(ဆ) ကျောက်စိမ်း 3D /5Dနည်းပြ ရာထူးအတွက် သက်ဆိုင်ရာဆော့ဖ်ဝဲလ်ဖြင့်ကွန်ပျူတာကို ကျွမ်းကျင်စွာ
ကိုင်တွယ်အသုံးပြုတတ်ရမည်။ ကွန်ပျူတာဖြင့် ဒီဇိုင်းရေးဆွဲတတ်ရမည်။ အတွေ့အကြုံ
အနည်းဆုံး(၅)နှစ်ရှိရပါမည်။
(ဇ) ကျောက်စိမ်းအချောကိုင် နည်းပြ ရာထူးအတွက် ကျောက်စိမ်း အသား၊ ကျောက်စိမ်း အရည်အသွေး
ကိုလိုက်၍ အရောင်တင် အချောကိုင် ကျွမ်းကျင်သူဖြစ်ရမည်။အတွေ့အကြုံအနည်းဆုံး(၅)နှစ်ရှိရပါမည်။
(ဈ) ကျောက်မျက်ပန်းချီနည်းပြ ရာထူးအတွက် ပန်းချီသင်တန်းကျောင်းဆင်းဖြစ်ရမည်။ (ညနေ၊ အချိန်ပိုင်း
၊နေ့တက္ကသိုလ်)၊ လုပ်သက်အတွေ့ အကြုံ အနည်းဆုံး (၃) နှစ်မှ (၅) နှစ်ရှိရမည်။ အသက်(၃၀)
နှစ်အထက်ဖြစ်ရမည်။
(ည) ကျောက်မျက်ကျောက်သွေးနည်းပြ ရာထူးအတွက် ကျောက်မျက် ရတနာမျိုးစုံကို နားလည် တတ်ကျွမ်း
သူဖြစ်ရမည်။ သက်ဆိုင်ရာကိရိယာများကိုအသုံးပြု၍ ပုံသဏ္ဍန်မျိုးစုံဖြင့် ပုံဖော်သွေးနိုင်ရမည်။
အတွေ့အကြုံအနည်းဆုံး(၅)နှစ်ရှိရပါမည်။
(ဋ) 2D ဒီဇိုင်းနည်းပြ ရာထူးအတွက် အခြေခံပညာအလယ်တန်းအဆင့်အောင်မြင် ပြီးသူဖြစ်ပြီး ပန်းချီပညာကို
နားလည်ကျွမ်းကျင်သူဖြစ်ရမည်။ ယဉ်ကျေးမှု တက္ကသိုလ် ကျောင်းဆင်း(ပန်းချီ)(ပန်းချီ၊ပန်းပုကျောင်းဆင်း
လက်မှတ်ရှိသူဦးစားပေးမည်။)
အသက်(၃၀)နှစ်အထက်ဖြစ်ရမည်။ လုပ်သက်အတွေ့အကြုံ (၁၀) နှစ်ရှိရမည်။
(ဌ) 3D CAD-CAM နည်းပြ ရာထူးအတွက် တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိသူဖြစ်ပြီး 3D oftware အား (GEM
VISION MATRIX) ကျွမ်းကျင်စွာ အသုံးပြုပြီး လက်ဝတ်ရတနာ ဒီဇိုင်းအမျိုးမျိုးအား
ဖန်တီးရေးဆွဲနိုင်ရမည်။ အသက်(၃၀)နှစ်အထက်ဖြစ်ရမည်။ လုပ်သက်အတွေ့အကြုံ (၅) နှစ်ရှိရမည်။
(ဍ) ဖယောင်းနည်းပြ ရာထူးအတွက် အခြေခံပညာအထက်တန်းအဆင့် အောင်မြင်ပြီး၊ ဖယောင်း
အထည်အမျိုးမျိုးကို နားလည်တတ်ကျွမ်း ရမည်။ အသက်(၃၀)နှစ်အထက်ဖြစ်ရမည်။
လုပ်သက်အတွေ့အကြုံ (၁၀) နှစ်ရှိရမည်။
(ဍ္ဎ) မိုနည်းပြရာထူးအတွက် အခြေခံပညာအထက်တန်းအဆင့် အောင်မြင်ပြီး၊ မိုယူခြင်း ၊ မိုခွဲခြင်း၊
ဖယောင်းထုတ်ခြင်း၊ဖယောင်းပြင်ခြင်း နှင့် သက်ဆိုင်ရာ စက်ပစ္စည်းကိရိယာများကို ကျွမ်းကျင်
စွာအသုံးပြုနိုင်ရမည်။ အသက်(၃၀)နှစ်အထက်ဖြစ်ရမည်။ လုပ်သက်အတွေ့အကြုံ (၁၀) နှစ်ရှိရမည်။

(ဏ) ပန်းတိမ်နည်းပြ ရာထူးအတွက် အခြေခံပညာအထက်တန်းအဆင့် အောင်မြင်ပြီး၊ အထည်အမျိုးမျိုးကို
ရွှေ၊ငွေ၊ ကြေး ၊ သတ္တု များဖြင့် အစ မှ အဆုံးထိ ကျွမ်းကျင်စွာ ပြုလုပ်နိုင်ရမည်။စက်ပန်းတိမ် ၊
လက်ပန်းတိမ် ပညာကို နားလည်တတ်ကျွမ်း ရမည်။ အသက်(၃၀)နှစ်အထက်ဖြစ်ရမည်။
လုပ်သက်အတွေ့အကြုံ (၁၀) နှစ်ရှိရမည်။
(တ) စိန်၊ကျောက်တပ်နည်းပြ ရာထူးအတွက် အခြေခံပညာအထက်တန်းအဆင့် အောင်မြင်ပြီး၊
ကျောက်မျက်အရည်အသွေးကို ကောင်းစွာနားလည် တတ်ကျွမ်းရမည်။ ကျောက်တပ်နည်း အမျိုးမျိုးကို
ကျွမ်းကျင်ပိုင်နိုင်စွာ နားလည်တတ်ကျွမ်းရမည်။ အသက်(၃၀)နှစ်အထက်ဖြစ်ရမည်။
လုပ်သက်အတွေ့အကြုံ (၁၀) နှစ်ရှိရမည်။
၆။ ဝင်ခွင့ေ် လျှာက်လွှာများကို ( ၅.၁၀.၂၀၁၉)ရက်နေ့ ရုံးချိန်အတွင်း နောက်ဆုံးထား၍အောက်ဖော်ပြပါ
နည်းလမ်းများဖြင့်ပေးပို့လျှောက်ထားနိုင်ပါသည်-
(က) Viber ဖြင့ ် ပေးပို့လျှောက်ထားခြင်း။
(၁) ဦးကျော်ရွှေ (ကျောင်းအုပ်ကြီး) ၀၉-၄၂၁၇၂၉၂၄၀
(၂) ဦးမျိုးနိုင် (ဒုတိယကျောင်းအုပ်ကြီး) ၀၉-၄၀၀၀၁၆၇၄၁
(ခ) မူရင်းလျှောက်လွှာများကို မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း သို့ လိပ်မူ၍
လူကိုယ်တိုင်ဖြစ်စေ ၊ စာတိုက်မှတစ်ဆင့်ဖြစ်စေ ၊ E-mail ဖြင့်ဖြစ်စေ အောက်ပါအတိုင်းပေးပို့နိုင် ပါသည် -
(၁) ဦးခိုင်မိုး (ရုံးအဖွဲမှူး)
မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းရုံး (နေပြည်တော်)
မဏိရတနာကျောက်စိမ်းခန်းမ၊ ဇမ္ဗူသီရိမြို့နယ် ၊ နေပြည်တော်။ ၀၆၇-၄၃၂၃၈၅
Mail: mgjea.npt@gmail.com
(၂) ဦးနေလင်း (၀၉-၉၇၀၄၉၅၃၄၈)
မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းရုံး (ရန်ကုန်)
အမှတ်(၆၈)၊ ကမ္ဘာအေးဘုရားလမ်း၊မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။ ၀၁-၆၆၃၀၈၀
Mail: info@mgjea.org
၇။လူဦးရေ ကန့်သတ်ထားပါသဖြင့် လျှောက်လွှာဦးစွာရောက်ရှိမှုအပေါ် ဦးစားပေးအစီအစဉ်ဖြင့်ခေါ် ယူဆောင်
ရွက်သွားပါမည်။
လျှောက်လွှာများကို စီစစ်ပြီး လူတွေ့စစ်ဆေးခြင်းအား စက်တင်ဘာ-၂၆ ရက်နေ့ နှင့် အောက်တိုဘာ ၈
ရက်နေ့များတွင် နံနက်၁၀း၀၀ နာရီမှစတင်၍ နေပြည်တော် ရွှေကြာပင် ကျောက်မျက်ရတနာ သင်
တန်းကျောင်းတွင် ရုံးချိန်အတွင်းလူတွေ့/လက်တွေ့ ပြုလုပ်စစ်ဆေးသွားပါမည်။
သင်တန်းကာလအတွင်း နေထိုင် ၊ စားသောက်ရေး စီစဉ်ပေးမည်။

အသေးစိတ်အချက်လက်များအား Myanmar Gems and Jewellery Enterpreneurs Association face book
page နှင့် //www.mgjea.org တွင် အချိန်နှင့်တစ်ပြေးညီဝင်ရောက ်ကြည့်ရှု နိုင် ပါသည်။
မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း