ANNOUNCEMENTကျောက်မျက်အချောထည်နှင့် လက်ဝတ်ရတနာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ နှင့် အလုပ်အမှုဆောင်အဖွဲ့မှ ဆောင်ရွက်လျက်ရှိပါသည် Jul
  • MYANMAR GEMS AND JEWELLERY

    ENTREPRENEURS ASSOCIATION

နေပြည်တော် (ရွှေကြာပင်) ကျောက်မျက်သင်တန်းကျောင်းအတွက် သင်တန်းသား/သူများ ခေါ်ယူခြင်း ...

September, 16 2019

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း

နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးကျောက်မျက်ရတနာသင်တန်းကျောင်း
(နေပြည်တော်၊ရွှေကြာပင်)
အမှတ်စဉ်(၃)သင်တန်းအတွက် သင်တန်းသား/သူ ဝင်ခွင့် လျှောက်လွှာခေါ်ယူခြင်း

၁။ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းသည် နေပြည်တော် ရွှေကြာပင်ရှိ နည်းပညာ၊
သက်မွေးပညာနှင့် လေ့ကျင့်ရေးကျောက်မျက်ရတနာသင်တန်းကျောင်းမှ အဆင့်မြှင်တင်ဖွင့်လှစ်ရန်
စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
၂။ သင်တန်းတွင် အောက်ပါဘာသာရပ်များအား စာတွေ့၊ လက်တွေ့ သင်ကြားပို့ချမည်ဖြစ်ပြီး၊
လက်တွေ့သင်ကြားမှုကို ဦးစားပေးသင်ကြားပေးပါမည်။ သင်တန်းသား/သူစုစုပေါင်း (၁၀၀)ဦးကို အောက်ပါ
ဘာသာရပ်များကို လက်ခံသင်ကြားပေးပါမည် -
(က) ကျောက်စိမ်းအချောထည်သင်တန်း
(ခ) ကျောက်မျက်ပန်းချီသင်တန်း
(ဂ) ကျောက်မျက်အချောထည်သင်တန်း
(ဃ) လက်ဝတ်ရတနာ(ပန်းတိမ်) သင်တန်း
၃။ လျှောက်ထားသူသည် အောက်ဖော်ပြပါသတ်မှတ်အရည်ချင်းများနှင့်ကိုက်ညီသူဖြစ်ရမည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ) အသက်(၁၇) နှစ်ပြည့်ပြီး(၂၅) နှစ်ထက်မကျော်လွန်သူဖြစ်ရမည်။
(ဂ) သင်တန်းကို ပြီးဆုံးအောင် တက်ရောက်နိုင်ရမည်။
၄။ လျှောက်ထားသူသည်အောက်ဖော်ပြပါအချက်လက်များကို ကိုယ်တိုင်ရေးလျှောက်လွှာတွင်
ပြည့်စုံမှန်ကန်စွာဖြည့်စွက်ရေးသား၍ ကိုယ်တိုင်လက်မှတ်ရေးထိုးလျှောက်ထားရမည် -
(က) အမည် ၊ နိုင်ငံသား စိစစ်ရေးကတ်အမှတ်
(ခ) မွေးသက္ကရာဇ် နှင့် အသက်
(ဂ) လူမျိုးနှင့် ကိုးကွယ်သည့်ဘာသာ
(ဃ) ပညာအရည်အချင်းနှင့်အောင်မြင်သည့်ခုနှစ်
(င) ဆက်သွယ်ရန်နေရပ်လိပ်စာနှင့်တယ်လီဖုန်းအမှတ်
(စ) အမြဲတမ်းနေရပ်လိပ်စာအပြည့်စုံ။
(ဆ) သင်တန်းတက်ရောက်ရခြင်းရည်ရွယ်ချက်
(ဇ) သင်တန်းမှမျှော်မှန်းထားသောအကျိုးကျေးဇူးများ


(ဈ) သင်တန်းပြီးမြောက်လျှင်ဆက်လက်ဆောင်ရွက်မည့်အနာဂါတ်ရည်မှန်းချက်
၆။ ဝင်ခွင့်လျှောက်လွှာများကို ( ၅.၁၀.၂၀၁၉)ရက် နေ့ရုံးချိန်အတွင်း နောက်ဆုံးထား၍အောက်ဖော်ပြပါ
နည်းလမ်းများဖြင့်ပေးပို့လျှောက်ထားနိုင်ပါသည်-
(က) Viber ဖြင့ ် ပေးပို့လျှောက်ထားခြင်း။
(၁) ဦးကျော်ရွှေ (ကျောင်းအုပ်ကြီး) ၀၉-၄၂၁၇၂၉၂၄၀
(၂) ဦးမျိုးနိုင် (ဒုတိယကျောင်းအုပ်ကြီး) ၀၉-၄၀၀၀၁၆၇၄၁
(ခ) မူရင်းလျှောက်လွှာများကို မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း သို့ လိပ်မူ၍
လူကိုယ်တိုင်ဖြစ်စေ ၊ စာတိုက်မှတစ်ဆင့်ဖြစ်စေ ၊ E-mail ဖြင့်ဖြစ်စေ အောက်ပါအတိုင်းပေးပို့နိုင်ပါသည် -
(၁) ဦးခိုင်မိုး (ရုံးအဖွဲမှူး)
မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းရုံး (နေပြည်တော်)
မဏိရတနာကျောက်စိမ်းခန်းမ၊ ဇမ္ဗူသီရိမြို့နယ် ၊ နေပြည်တော်။ ၀၆၇-၄၃၂၃၈၅
Mail: mgjea.npt@gmail.com
(၂) ဦးနေလင်း (၀၉-၉၇၀၄၉၅၃၄၈)
မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းရုံး (ရန်ကုန်)
အမှတ်(၆၈)၊ ကမ္ဘာအေးဘုရားလမ်း၊မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။ ၀၁-၆၆၃၀၈၀
Mail: info@mgjea.org
၇။လူဦးရေ ကန့်သတ်ထားပါသဖြင့် လျှောက်လွှာဦးစွာရောက်ရှိမှုအပေါ် ဦးစားပေးအစီအစဉ်ဖြင့်ခေါ် ယူဆောင်
ရွက်သွားပါမည်။
လျှောက်လွှာများကို စီစစ်ပြီး လူတွေ့စစ်ဆေးခြင်းအား စက်တင်ဘာ (၂၅) ရက်နေ့ နှင့် အောက်တိုဘာ(၉)
ရက်နေ့များတွင် ရန်ကုန် မြန်မာ့ကျောက်မျက်ရတနာအရောင်းခန်းမ ကမ္ဘာအေး ၌ လည်းကောင်း ၊ စက်တင်ဘာ
(၂၇)ရက်နေ့ နှင့် အောက်တိုဘာ (၇)ရက်နေ့များတွင် နေပြည်တော် ရွှေကြာပင် ကျောက်မျက်သင်တန်းကျောင်း၌
လည်းကောင်းနံနက် ၁၀း၀၀ နာရီမှစတင်၍ ရုံးချိန်အတွင်း ပြုလုပ်စစ်ဆေးသွားပါမည်။
အသေးစိတ်အချက်လက်များအား Myanmar Gems and Jewellery Enterpreneurs Association face book
page နှင့် //www.mgjea.org တွင် အချိန်နှင့်တစ်ပြေးညီ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
သင်တန်းကာလအတွင်း နေထိုင်စရိတ်၊သင်ကြားစရိတ်မှာအခမဲ့ဖြစ်ပြီး ၊စားသောက်စရိတ် ငါးသောင်းကျပ်ကို
လစဉ်ပေးဆောင်ရပါမည်။သင်တန်းကာလမှာ Level 1 အတွက် အောက်တိုဘာ ၂၀၁၉ မှ ဧပရယ် ၂၀၂၀
ထိဖြစ်ပါသည်။
မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း