ANNOUNCEMENTကျောက်စိမ်းအရိုင်း/အချောထည်နှင့် ကျောက်မျက်ရတနာများအား မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို မန္တလေးမြို့ရှိ မန္တလေးကွန်ဗင်းရှင်းစင်တာတွင် အောက်တိုဘာလ(၂၃)ရက်နေ့မှ (၂၉)ရက်နေ့အထိ ကျင်းပရန်စီစဉ်လျက်ရှိပါသည်။ Oct
  • MYANMAR GEMS AND JEWELLERY

    ENTREPRENEURS ASSOCIATION

၂၀၁၉ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမမြောက်နေ့ ဆက်လက်ကျင်းပ

September, 24 2019

၂၀၁၉ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်မ၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိရာ ၂၃.၉.၂၀၁၉ ရက်နေ့  (အဋ္ဌမမြောက်နေ့)တွင် ကျောက်စိမ်းအတွဲ (၁၃၀၀)တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ အတွဲပေါင်း (၉၇၅)တွဲကို တန်ဖိုးယူရို (၆၀.၉၆၈) သန်းဖြင့် ရောင်းချခဲ့ရပါသည်။
၂၄.၉.၂၀၁၉ ရက်နေ့တွင် အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချမည့် ကျောက်စိမ်းတွဲအမှတ် (၅၂၁၂) မှ (၆၅၁၁) ထိကို ရတနာကုန်သည်များက စိတ်ကြိုက် စစ်ဆေးခဲ့ကြပြီး သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ဈေးနှုန်းပေးသွင်းလွှာများကို စနစ်တကျ ထည့် သွင်းခဲ့ကြပါသည်။

Source : Myanma Gems Enterprise