၂၀၁၉ခုနှစ်၊ ဇွန်လ(၈)ရက်နေ့မှ (၁၃)ရက်နေ့ထိ
နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမ
၂၀၁၉ ခုနှစ်၊ ဇွန်လ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ တတိယမြောက်နေ့ကို ၁၀.၆.၂၀၁၉ ရက်နေ့တွင် နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက် ကျင်းပပြုလုပ်ခဲ့ရာ (၁၂:၄၀) နာရီတွင် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေသည် ရောင်းချပွဲ ကျင်းပနေမှုကို ကြည့်ရှုစစ်ဆေးရာ ပြပွဲဗဟိုကော်မတီ အတွင်းရေးမှူး မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းနှင့် ပြပွဲဗဟိုကော်မတီဝင်များ၊ လုပ်ငန်းကော်မတီအသီးသီးနှင့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ က သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်း ပြသခဲ့ကြပါသည်။
ရောင်းချပွဲသို့ ကုမ္ပဏီပေါင်း (၇၁၈) ခုမှ ပြည်တွင်း ရတနာကုန်သည် (၁၉၉၃) ဦး တက်ရောက်ရန် မှတ်ပုံတင်ထားရှိပြီး ၁၀.၆.၂၀၁၉ ရက်နေ့တွင် ကျောက်မျက်တွဲ (၂၆၀) တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ အတွဲပေါင်း (၄၉) တွဲကို တန်ဖိုးငွေကျပ် (၃၆၂.၀၉၉) သန်းဖြင့် ရောင်းချခဲ့ရပါသည်။
၁၁.၆.၂၀၁၉ ရက်နေ့တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် ကျောက်စိမ်းတွဲ အမှတ် (၁) မှ (၁၀၅၀) ထိကို ရတနာကုန်သည်များက စိတ်ကြိုက် စစ်ဆေးခဲ့ကြပြီး သက်ဆိုင်ရာ တင်ဒါပုံးများ အတွင်းသို့ ဈေးနှုန်းပေးသွင်းလွှာများကို စနစ်တကျ ထည့်သွင်းခဲ့ကြပါသည်။
CHECK DETAIL
၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့မှ (၁၉)ရက်နေ့အထိ
မန္တလေးမြို့၊ ရတနာပုံစူပါစင်တာ
“ပထမအကြိမ် မန္တလေးရတနာ Mall
နိုင်ငံတကာ ကျောက်မျက်နှင့် လက်ဝတ်ရတနာပြပွဲ ၂၀၁၉”
1st Mandalay Yadana Mall International Gems and Jewellery Fair 2019"
ကို ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့မှ (၁၉)ရက်နေ့အထိ မန္တလေးမြို့၊ ရတနာပုံစူပါစင်တာတွင်
စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
ပြပွဲသို့ ပြည်တွင်း/ ပြည်ပရတနာကုန်သည်ပေါင်း (၈၉၇၉)ဦး တက်ရောက်ခဲ့ကြပြီး ပြပွဲကာလ
အတွင်း ခင်းကျင်းပြသသော ရတနာဆိုင်ခန်းများမှ အမေရိကန်ဒေါ်လာ(၅)သောင်းခန့်နှင့် မြန်မာငွေ
ကျပ်သိန်းပေါင်း(၆)သောင်းကျော်ခန့် ရောင်းချနိုင်ခဲ့ပါသည်။ ။
အဆိုပါပြပွဲကြီးတွင် အရောင်းပြခန်းပေါင်း(၄ဝဝ)ကျော်ခင်းကျင်းပြသခဲ့ပြီး ကျောက်မျက်သွေး
ခြင်းလုပ်ငန်း၊ ရွှေပန်းတိမ်လုပ်ငန်းနှင့်ကျောက်စိမ်းအချောထည်လုပ်ငန်း နည်းပညာဖွံ့ဖြိုးတိုးတက်ရေး
နှင့် မြန်မာမှုပညာရှင်များအား ဖော်ထုတ်စေလိုသောဆန္ဒဖြင့် လက်ဝတ်ရတနာဒီဇိုင်းပြိုင်ပွဲ ကျင်းပပြု
လုပ်ခဲ့ပါသည်။
၎င်းအပြင် ကျောက်မျက်ရတနာပြပွဲအင်္ဂါရပ်နှင့်အညီ ကျောက်မျက်ရတနာပညာရပ်ဆိုင်ရာ
ဟောပြောပွဲများကိုပါ ကျင်းပပြုလုပ်ခဲ့ပါသည်။
2019 ခုနှစ်၊ ဇန်နဝါရီလ ၉-၁၃
မြန်မာ ,ရန်ကုန် , Lotte Hotel
ဒုတိယအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ
ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာအချောထည်ပြပွဲ ၂၀၁၉
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု မြန်မာ့ကျောက်မျက်
ရတနာရောင်းဝယ်ရေးလုပ်ငန်း၏ အနီးကပ်ကြီးကြပ်မှု မြန်မာနိုင်ငံကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း
၏ပံ့ပိုးကူညီမှုတို့ဖြင့် ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(ရန်ကုန်)မှ ဒုတိယအကြိမ်ကျင်းပပြုလုပ်သော
ဒုတိယအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့်လက်ဝတ်ရတနာအချောထည်ပြပွဲ ၂၀၁၉ (2nd
International Gems & Jewellery Fair-2019) ကို ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ(၉)ရက်နေ့မှ (၁၃)ရက်နေ့အထိ ရန်ကုန်မြို့
Lotte Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ပြပွဲသို့ နိုင်ငံတကာကျောက်မျက်ရတနာကုန်သည်(၁၄၆၅)ဦးခန့်နှင့် ပြည်တွင်းကျောက်မျက်ရတနာကုန်သည်
(၁၂ဝဝဝ)ဦးခန့်ကို ဖိတ်ကြားခဲ့ပြီး ပြည်တွင်းရတနာဆိုင်လုပ်ငန်းရှင်များမှ အရောင်းဆိုင်ခန်းပေါင်း(၁၂၈)ဆိုင် ဖွင့်လှစ်
ရောင်းချခဲ့ရာ နိုင်ငံတကာရတနာကုန်သည် (၇၃၆)ဦးနှင့်ပြည်တွင်းမှ (၅၆၁၅)ဦး တက်ရောက်ခဲ့ကြပါသည်။
ဤပြပွဲ၏ထူးခြားချက်အနေဖြင့် ကျောက်မျက်လေလံပွဲ (sealed-bild Auction) ကိုထည့်သွင်းကျင်းပခဲ့ပြီး
ကျောက်မျက်အတွဲ(၁၀၈)တွဲ ခင်းကျင်းပြသခဲ့ပြီး လေလံပွဲသို့ ပြည်တွင်းကုန်သည်(၄၄)ဦးနှင့် ပြည်ပကုန်သည်(၂၂)ဦး
တက်ရောက်လေ့လာကြည့်ရှုခဲ့ပါသည်။ပြပွဲကာလအတွင်း ကျောက်မျက်ရတနာစမ်းသပ်စစ်ဆေးသည့် ဓာတ်ခွဲခန်းတစ်ခုထားရှိပြီး ရောင်းသူ/ဝယ်
သူများ စိတ်ချယုံကြည်စွာ ဝယ်ယူနိုင်ရေးဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။၎င်းအပြင် ကျောက်မျက်ပညာရပ်ဆိုင်ရာ
ဟောပြောဆွေးနွေးပွဲ (Seminor) များကိုလည်း " Myanmar Gems Forum-2019 " ခေါင်းစဉ်ဖြင့် individual Talk နှင့်
Panel Discussion အစီအစဉ်များဆောင်ရွက်ခဲ့ရာ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ၊ စိတ်ပါဝင်စားသူများနှင့်
ဘူမိဗေဒကျောင်းသား/ကျောင်းသူ စုစုပေါင်း(၅၀၀)ဦးခန့်တက်ရောက်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့
ပါသည်။